Pages

Tuesday, December 23, 2008

ပြာကျသွားတဲ့မော်လမြိုင်အောက်ဈေး

မော်လမြိုင်မြို့က အထင်ကရဈေးဖြစ်တဲ့ မုတ္တမဘက်ကမ်းကနေသင်္ဘောနဲ့လာရင် ကမ်းစပ်ဘောတံတားကနေတက်လာတာနဲ့
စတွေ့ရမှာက အမှတ်(၂)ဈေးလို့ခေါ်တဲ့ အောက်ဈေးပါ။ မြိုင်ရတနာအဆင့်မြင့်ဈေးက အပေါ်ဘက်မှာရှိတဲ့အတွက် အပေါ်ဈေး ၊
ကမ်းနားဘက်မှာရှိတဲ့ အမှတ်(၂)ဈေးကို အောက်ဈေးလို့ခေါ်ကြတယ်ပေါ့။ အခုတော့ အဲဒီအောက်ဈေးက အခုတော့မီးလောင်ပြာကျသွား
တာနည်းနည်းတောင်ကြာရော့မယ်။ နောက်ကျစွာနဲ့မှတ်တမ်းတင်လိုက်ပါတယ်။

Photobucket
“မီးညွန့်တလူလူကြားထဲရတာလေးတွေကောက်နေရရှာတဲ့ ဈေးသူဈေးသားများ”


Photobucket
“မနက်ခင်းမှ ညခင်းထိတိုင်မငြိမ်းနိုင်တဲ့ဒီမီး ရပ်ကြည့်လို့သာနေရရှာပုံ”

Photobucket
“မီးတောက်တွေစိမ်ပြေနပြေဝါးမျိုတာခံနေရရှာတဲ့ ကုန်ပစ္စည်းများ”

Photobucket
“မီးခိုးတွေကြားက ကူညီဖို့လာရှာတဲ့ ကမာဝက်ရွာကမီးသတ်ယာဉ်”
(မှတ်ချက်။ ကမာဝက်ရွာသည် မုဒုံမြို့အထွက် တွင်ရှိသော မော်လမြိုင်ဈေးနှင့်မိုင်ပေါင်းများစွာဝေးသောနေရာမှ)

Photobucket
“မိုးသောက်နေခြည်အောက် ပြာကျသွားတဲ့ အမှတ်(၂)ဈေး”

0 comments: