Pages

Saturday, December 6, 2008

ကျွန်မချစ်တဲ့ မော်ရွှေမြိုင်ကအမှတ်တရနေရာလေးတွေ

မော်လမြိုင်က ကျွန်မကြီးပြင်းခဲ့ရာ မြို့လေးပါ

အဲဒီမှာ ကျွန်မဘဝကို စတင်ပုံဖော်ခွင့် ရခဲ့တဲ့နေရာ

ပျော်စရာကောင်းတဲ့အေးချမ်းလွန်းပြီး ဆိတ်ငြိမ်တဲ့မြို့လေးပေါ့

မနက်ခင်းနေခြည်လေးလင်းလာယင်ပဲ အခုလိုမိုးရာသီဆို မိုးကမစဲဘူး တသည်းသည်းပဲ

စနေမိုး ဆို အရမ်းပျော်ဖို့ကောင်းတယ် စနေမှာ စပြီး ရွာလိုက်တဲ့မိုး နောက် စနေ မှ သည်းရာက စဲတတ်တယ်

ကျောင်းသွားယင် ကျွန်မက လမ်းလျှောက်တဲ့အခါလျှောက်ပြီး စက်ဘီးလေးနဲ့သွားတဲ့အခါသွားတယ်

မိုးရွာတဲ့နေ့တွေဆို မိုးကာလေးနဲ့ လမ်းလျှောက်ရတဲ့ အရသာက သိပ်ကောင်းတယ်

စိတ်ကစားတတ်တဲ့အရွယ်ရောက်လာတော့ အဲလိုမိုးထဲလေထဲ လမ်းလျှောက်ပြီးကျောင်းသွားရတဲ့နေ့တွေဆို ဘာကိုလွမ်းမှန်း မသိ
အထီးကျန်နေသလိုလို တစ်ခုခုကိုတော့င်တနေသလိုလို ပေါ့

စိတ်ကူးနဲ့ရူးနေတဲ့ အချိန်လေးတွေဟာ အများအားဖြင့် အခုလိုမိုးရာသီထဲမှာပေါ့ မှတ်မှတ်ရရပါပဲလေ...........။

ကျွန်မ ဆယ်စုနှစ်များစွာ ဖြတ်သန်းခဲ့တဲ့ လင်းလက်တောက်ပတဲ့နေ့များစွာထဲ အမှတ်တရ မော်ရွှေမြိုင်ကို
တမ်းတမိနေဆဲ ပုံရိပ်လေးတွေကို တတ်နိုင်သမျှစုဆောင်းပြီး ဒီအိမ်ကလေးကို အလည်အပတ်ရောက်လာကြသူ
တွေအတွက် မျှဝေပေးပါရစေနော်..............။

ကျွန်မတို့ရွှေမြိုင်မြို့ရဲ့ ကမ္ဘာ့အကြီးဆုံးလျောင်းတော်မူဘုရားကြီးကို အရင်ဆုံးပူဇော်လိုက်ပါတယ်။
ဒီဘုရားကြီးက မော်လမြိုင်ကမ်းဆိပ်ကနေတက် မော်လမြိုင်-ကျိုက္ခမီ၊ မုဒုံ-မော်လမြိုင်၊ သံဖြူဇရပ်-မော်လမြိုင်၊ မွန်အဏ္ဏဝါ စတဲ့ကားတွေအပြင်အခြားကြားကားနဲ့ တက္ကစီတွေစီးပြီး သွားရောက်နိုင်ပါတယ်။
မော်လမြိုင်-မုဒုံသွား ကားလမ်း နံဘေးမှာ ဗျိုင်းဖြူနှစ်ကောင်ခြံရံထားတဲ့ မုခ်ဦးရှေ့ေ၇ာက်ရင် အတွင်းကို လမ်းလျှောက်လျှောက်
ယာဉ်တမျိုးပဲစီးစီး ဘုရားကြီးရှိရာ ခြေတော်ရင်းကို ရောက်ရှိနိုင်ပါတယ်။
ကျွန်မတို့ မော်လမြိုင်ဂျီတီအိုင် မှာ ကျောင်းတက်ခဲ့တဲ့တလျောက်လုံး အဲဒီဘုရားကြီးကို စာမေးပွဲပြီးလို့ နောက်ဆုံးနေ့ အိမ်ပြန်ခါနီးအချိန်တိုင်း
သူငယ်ချင်းတွေ ပိုက်ဆံတွေစုပြီး သွားတတ်ကြပါတယ်။

“လျောင်းတော်မူဘုရားကြီး”



မော်လမြိုင်ကိုရောက်ဖူးသူတွေ လေ့လာဖူးသူတွေ တော်တော်များများရှိကြမှာပါနော်။
ကျွန်မ အထက်တန်းကျောင်းသူဘဝက သူငယ်ချင်း မာလာနဲ့ သန္တာစိုး တို့ရှိတဲ့ မုတ္တမကို အမြဲတမ်း သင်္ဘောနဲ့ ပဲ့ကျိတ်နဲ့ ကူးပြီးသွားတတ်
ပါတယ်။
သူတို့ကကျွန်မချစ်ရတဲ့သူငယ်ချင်းတွေလေ။
သင်္ဘောလေးကို ဈေးကြီး( မော်လမြိုင်အမှတ်-၁ဈေး ယခုမီးလောင်ပြကျသွားသော) ထိကို အိမ်ကနေ အမှတ်(၈)ကား စီး၊ နောက်တော့
ဈေးနဲ့ကပ်ရက် ဘောတံတားကနေ မုတ္တမသင်္ဘောကိုစီးဖို့လက်မှတ်ဝယ်၊ နောက်ထွက်မယ့်သင်္ဘောပေါ်မှာ တက်စောင့်နေရတုန်း ဟိုဟို
ဒီဒီ ငေး တွေး ဘာမှန်းမသိဆွေး နောက်တော့ စိတ်ကူးလေးလဲယဉ်ပေါ့၊ ပြောရင်းနဲ့ သိပ်သတိရမိပါတယ်။
သင်္ဘောကြီးမှာငေးမိတဲ့ရှုခင်းကိုအမှတ်တရထည့်ပေးမယ်နော်။


“သေဘာၤေပၚက သားအမိ”










“မော်လမြိုင်ကမ်းနားလမ်း ဆိပ်ခံဘောတံတား ”








သဘောင်္နဲ့စီးလာပြီး ညာဘက်ဘေးကို ကြည့်လိုက်ယင် မုတ္တမဆိပ်ဘက် မရောက်ခင် ရေလယ်လောက်မှာ ခေါင်းဆေးကျွန်းကိုတွေ့ရတယ်။
အဲဒီကျွန်းက နွေဆို ဒိုက်ဝန်ကွင်းဘက်က မော်လမြိုင်ဟိုတယ်က နေ လမ်းလျှောက်ပြီးသွားလို့ရတယ်တဲ့။ ရေကျတဲ့အချိန်ပေါ့။
ဒါပေမယ့်လူစားတယ်လို့နာမည်ကြီးတဲ့အတွက် ကျွန်မတော့ တခါမှမရောက်ဖြစ်ခဲ့ပါဘူး။
ခေါင်းဆေးကျွန်းကို သင်္ဘောပေါ်က လှမ်းလှမ်းကြည့်ရတာနဲ့ပဲ အချိန်ကုန်ခဲ့တာပါ။ မုတ္တမဘက်ကမ်းကို သဘောင်္ဆိုက်ချိန်မှာလဲ အဲဒီ
ကျွန်းကလေးကို ငေးမောရတာပေါ့လေ။


“ခေါင်းဆေးကျွန်း”

မော်လမြိုင်ကမ်းနားလမ်းကလေးကလဲ လွမ်းမောဖွယ်ရာပါပဲ။
ကျွန်မတို့မိသားစု တခါတလေ ကမ်းနားလမ်းက ဘုရင့်ရုပ်ရှင်ရုံမှာ နိုင်ငံခြားကားတွေတခါတလေ သွားသွားကြည့်တယ်။
တခါတလေ သူငယ်ချင်းတွေနဲ့ ကမ်းနားလမ်းက ဘိုးဘွားရိပ်သာရံပုံငွေစားသောက်ဆိုင် မှာ သွားသွားထိုင်တတ်တယ်။
ဇင်ယော်လေးတွေကြည့်ရင်းနဲ့ပေါ့။
ကမ်းနားလမ်းက ဘုရင့်ရုံဘေးက ဆီချက်ခေါက်ဆွဲဆိုင်မှာ သူငယ်ချင်းတွေစားကြသောက်ကြပျော်ပျော်ပါးပါးပေါ့လေ။
သိပ်စားကောင်းတယ်။
ငွေမိုးဟိုတယ် မှာ ခရစ်စမတ်ညဆို သူငယ်ချင်းတွေစုပြီး သွားစားတတ်တယ်။ ဒကာခံတဲ့သူရှိရင်ပေါ့။
သိပ်သတိရစရာကောင်းတာလေးတွေပါ။ ကြည်နူးရတဲ့ ခင်မင်စရာအဖြူစင်ဆုံးအချိန်တွေပေါ့။


“မော်လမြိုင်အောက်ဈေးနားက ဘောတံတား”



“မော်လမြိုင်အောက်ဈေးရှေ့က ရွှေဆိုင်နဲ့ပွဲရုံတန်း”



“မော်လမြိုင်ကမ်းနားလမ်းအောက်ဈေးအနီးတနေရာ”



“သံလွင်တံတားသစ်ကြီး ၊ လူငယ်များနဲ့ ကမ်းနားလမ်း”



“တောင်ပေါ်တန်းဘုရားရှုခင်းသာက မြို့ရှုခင်းကြည့် ကလေးငယ်တွေ”



“အောက်ဈေးက ဘောတံတားအဆင်း ကားလမ်းဘေးက ဖိနပ်ပြင်ဆိုင်”



“ကမ်းနားလမ်းကကုန်တင်ကုန်ချရှုခင်း”

မော်လမြိုင်က အရေးကြီးတဲ့နေရာတော်တော်များများရှိတဲ့အထဲက အမေရိကန်သားဖွားဆေးရုံကြီးကိုတော့ သိတဲ့သူနည်းမယ်ထင်တယ်နော်။ မော်လမြိုင်က သားအမိတော်တော်များများအတွက် အရေးပါတဲ့နေရာလေးပါ။
တောင်ပေါ်တန်းဘုရားတွေကနေကြည့်ရင် တောင်ခြေရင်းဘက် မော်လမြိုင်မြို့လယ်အနားက အမှတ်(၆)ကျောင်းနဲ့ အမှတ်(၃)ကျောင်း
အနီးမှာ ရှိပါတယ်။ ကျွန်မကလေးဘဝက ဖျားတိုင်းေ၇ာက်တဲ့နေ၇ာလေးပေါ့။


“မိခင်နှင့်ကလေးဆေးရုံကြီး(အမေရိကန်ဆေးရုံ)”

တောင်ရိုးတန်းဘုရားတွေဖြစ်တဲ့ ကျိုက်သလ္လံ၊ ဦးဇိန၊ ဦးခန္တီ စတဲ့ဘုရားတွေက အခုလိုတန်ဆောင်တိုင်အချိန်မှာ မသိုးသင်္ကန်းကပ်ပွဲ နဲ့
ပွဲလမ်းသဘင်များကို ရိုးရာမပျက် ဆင်နွှဲတတ်ကြပါတယ်။
တောင်ရိုးတန်းဘုရားတွေအပေါ်ကနေ မြို့ တခုလုံးကို ဆီးမြင်ရတဲ့ အရသာက တော်တော်လေးအေးချမ်းပါတယ်။ ကျွန်မတို့ မိသားစုတွေ
တခါတလေ ဘုရားပေါ်တက်ပြီး ညနေစောင်းရှုခင်းကို ခံစားတတ်ကြပါတယ်။


“မော်လမြိုင်မြို့လယ်တနေရာအား တောင်ရိုးတန်းရှုခင်းသာမှမြင်ရပုံ”





“မော်လမြိုင်-ကျိုက်မရော-ဘားအံ” လမ်းခွဲအတ္ထရံတံတားအနီးအဝိုင်း ”




“မော်လမြိုင်လေယာဉ်ကွင်း”



“မော်လမြိုင်သို့ဆိုက်ကပ်လာသော ရထားတစင်း”



“မော်လမြိုင်ဘူတာရုံသစ်ကြီး”





“မော်လမြိုင်-ကျိုက်မရော ကားလမ်း နံနက်ခင်းအလှ”



“မော်လမြိုင်-ကျိုက်မရော ကားလမ်းမှ ကရင်ပြည်နယ်အလှ”




“မော်လမြိုင်-ဘားအံကားလမ်းအနီးရှိ ငန်းတေးမီးစက်”


“မော်လမြိုင်လေယာဉ်ကွင်းအနီးရှိ စက်မှုဇုံ”


“ထန်းရည်ချိုကို ချိုင်နေတဲ့သူ”
ခုလိုဆောင်းနံနက်ခင်းစောစောလေးမှာ ဖေဖေက ကျွန်မတို့ကို ထန်းတောထဲက ထန်းရည်ချိုသောက်နိုင်ဖို့ ထန်းတက်သမား ထန်းတက်ပြီး
ဆင်းအလာကို စောင့်ကာ ဝယ်လာတတ်တာကလဲ အမှတ်တရပါပဲ။
သိပ်ချိုတဲ့ထန်းရည်ချိုကို ကျွန်မတို့ညီအစ်မ သိပ်ကြိုက်တယ်။ ရဖို့ကလဲတော်တော်လေးကြိုးစားရတယ်။ နေမြင့်တာနဲ့ ထန်းရည်က
ပုဇွန်ဆိတ်ခုန်ပလုံစီတက်ပြီး ပြင်းရှရှအရသာကိုပြောင်းသွားတတ်လို့ပါ။


“မော်လမြိုင်အဝေးပြေးကားဂိတ်ရှိတဲ့ ဈေးကြိုကို လေယာဉ်ကွင်းကလာမယ်ဆိုရင် ဒီအဝိုင်းကိုဖြတ်ရမယ်”

ဒီဈေးကြိုအဝိုင်း က ကျွန်မရဲ့အမှတ်တရတခုပါ။ အဲဒီအဝိုင်းဘေးက ဈေးကြိုဈေးဝင်းမှာ ကျွန်မအမျိုးတွေနေတယ်။ သူငယ်ချင်းတွေလဲနေတယ်။ ကျွန်မက အိမ်ကနေထွက်ပြီး မော်လမြိုင်တက္ကသိုလ်ဘက်သွားသွား၊ ဈေးကြီးဘက်သွားသွား၊ ကျောင်းသွားသွား၊ အဲဒီအဝိုင်းကိုဖြတ်သွားရတယ်။ တခါတလေ အဲဒီအဝိုင်းဘေးက မိတ္တူဆိုင်မှာ မှတ်စုတွေကူးရသေးတယ်။
အဲဒီအဝိုင်းကနေ ဆက်သွားရင် မိုးမခဆိုတဲ့ ကျွန်မသူငယ်ချင်းစတိုးဆိုင်လေးမှာ ဘာဘာညာညာလဲ ဝင်ဝယ်တတ်တယ်။
သူငယ်ချင်းနဲ့တွေ့ရင်စကားပြောဖြစ်တယ်။ မှတ်မှတ်ရရ ကျွန်မဘွဲ့ယူတော့ သူလိုက်ပို့ပေးတယ်။ သူ့နာမည်က ချောစု တဲ့။


“မော်လမြိုင်နည်းပညာတက္ကသိုလ် ရှေ့ အဝေးပြေးကားလမ်း”

ကျွန်မတက်ခဲ့တဲ့မော်လမြိုင်နည်းပညာကောလိပ်ပါ။ အဲဒီကျောင်းက မော်လမြိုင်အထွက် မော်လမြိုင်-ထားဝယ် အဝေးပြေးကားလမ်းဘေး
ဖားအောက်ကျေးရွာရှေ့ မှာ ရှိတာပါ။ မြင်နေရတဲ့ ပုံကတော့ ဖားအောက်အထက်တန်းကျောင်းရှေ့ကနေ ကျွန်မတို့ ကျောင်းကိုမြင်ရတဲ့မြင်ကွင်းပါ။


“ဖားအောက်တောရကျောင်း တရားရိပ်သာအဝင်မုခ်ဦး”
ကျွန်မတို့ကျောင်းဘေးမှာ ကပ်လျက်ရှိနေတာက နာမည်ကျော် ဖားအောက်တောရ ရုံးချုပ်ကြီးပါ။ မှတ်မှတ်ရရ ကျွန်မကျောင်းပြီးတော့
အောင်စာရင်းမထွက်ခင် ၄၅ရက် တရားစခန်းဝင်ခဲ့ပါတယ်။ သက်သတ်လွတ်စားပြီး တရားရှုမှတ်ချိန် နေ့စဉ်၆ကြိမ် တခါရှုမှတ်ရင် တနာရီခွဲကြာပါတယ်။ ကျန်တဲ့အချိန်မှာတော့ ကိုယ့်နားနေဆောင်မှာ ထပ်မံရှုပွားရပါတယ်။ နိုင်ငံစုံက ယောဂီတွေ၊ သံဃာတွေ ၊သီလရှင်
တွေနဲ့ပြည့်နှက်နေတတ်ပါတယ်။ ဆွမ်းအလျံအပယ် လှူဒါန်းတဲ့ ဒါနရှင်တွေက နေ့စဉ်မပြတ်တာမို့ တရားဝင်တွေအတွက် အေးချမ်းလှပါတယ်။ ကျေးဇူးရှင်ဆရာတော်ဘုရားကြီးကိုလဲ ကျွန်မ ဓမ္မပူဇာသဘင်မှာ ဖူးတွေ့ခွင့်ရခဲ့တာမို့ စိတ်ချမ်းသာကြည်နူးခဲ့ရပါတယ်။


“ကျေးဇူးရှင် ဖားအောက်တောရဆရာတော်ဘုရားကြီး အရှင်အာစိန္တ”

5 comments:

ပျံသန်းခြင်းရပ်ဝန်း said...

ကျေးဇူးတင်ပါတယ်ဗျာ...
မော်လမြိုင်ကိုမရောက်ဖူးပေမယ့်...
မော်လမြိုင်ရဲ့အထင်ကရနေရာလေးတွေကို
အခုလိုဓါတ်ပုံဝေေ၀စာစာနဲ့တင်ပြပေးသွားလို့ပါ...

မချစ်ရ said...

မော်လမြိုင်ကိုတောင်သတိရလာပြီ
၆လလောက်တော့နေဖူးတယ်ပျော်တယ်
ခေါင်းဆေးကျွန်းကတော်ရုံသူသွားလို့မရဘူးဆို
ဟုတ်လား

puluque said...

မော်လမြိုင် တစ်မြို့လုံးပုံတွေပါလား။ မော်လမြိုင်ဆိုတာ ကျတော်နေချင်တဲ့ မြို့ထဲက တစ်ခုပဲ။ ကျတော်ကြည်ချင်တဲ့ နေရာတစ်ခုတော့ ပုံတွေပါမလာဘူးဗျ။ ဘယ်နေရာလဲဆိုတော့ စက်စဲဘက်သွား မော်လမြိုင်အထွက် အတက်အဆင်းတွေနဲ့ လမ်းမှာ ထန်းပင်းတန်းလေးတွေ..အရမ်းလှတယ်..အဲ့ဒီနေရာလေးကို
မျက်စိထဲက မထွက်သေးဘူး

ဝှိုက်ဝှိုက် said...

မော်လမြိုင်ကို ငယ်ငယ်တုန်းက ရောက်ဖူးတယ်
ခုမရောက်တာကြာလို့ သိပ်တောင်မမှတ်မိတော့ဘူး
မော်လမြိုင်ပုံတွေကြည့်လိုက်မှ သတိရလာတယ်
မော်လမြိုင်က အမျိုးတွေပါသတိရတယ်
ဝှိုက်လည်း မုတ္တမနဲ့မော်လမြိုက်ကို အဲ့လိုလေးသွားဖူးတယ်
နောက်တစ်ခါထပ်လာချင်သေးတယ် မော်လမြိုင်ကို

Anonymous said...
This comment has been removed by the author.