Pages

Tuesday, June 10, 2008

ကောလဟာလ

အခုတစ်လော ကောလဟာလတစ်ခု ကြားနေတယ်။ မော်လမြိုင်မှာ ရေကြီးမယ်ဆိုလား ငလျင်လှုပ်မယ်ဆိုလား တော်တော်ကိုပြောနေကြတယ်။ သူငယ်ချင်းတစ်ယောက် မော်လမြိုင်ပြန်ဖို့တောင် သူ့အိမ်ကအဲဒီသတင်းကြားလို့ မပေးပြန်ဘူးဆိုပဲ။ လူတွေလည်း တစ်ခါကြုံဖူးထားလို့ တော်တော်လန့်နေကြပြီထင်တယ်။ တိကျတဲ့ သတင်းအချက်အလက်တွေကို ဘယ်ကမှ သိနိုင်ဖို့မှ မရှိတာ။ ကောလဟာလတွေကြားရင် မြန်မာနိုင်ငံကလူတွေ တော်တော်လေးကို သွေးပျက်နေကြတယ်။ မကောင်းပါဘူးဗျာ။

0 comments: