Pages

Monday, August 3, 2009

သူငယ်ချင်းသို့

နေကောင်းရဲ့လား သူငယ်ချင်း
လောကရဲ့ မာယာတွေကြား
အသက်ရှုတော့ နဲနဲကျပ်နေမှာပေါ့.....

အဆင်ပြေရဲ့လား သူငယ်ချင်း
လောကကြီးကို မျက်နှာသစ်ပေးချင်တဲ့စိတ်တွေနဲ့
နဲနဲတော့ နေရခက် နေမှာပေါ့......

ကိုယ့်လမ်းကိုယ်လျှောက်
ကိုယ့်ဝန်ကိုယ်ထမ်းရင်း
ငါတို့တွေ ဝေးနေခဲ့ရ.....

ဆုံချင်သေးတယ်
အပိုအလျှံ နေ့ရက်တွေရခဲ့ရင်ပေါ့
ဟိုး ဆင်ခြေဖုန်းကဆိုင်လေးထဲမှာလေ.........


(သူငယ်ချင်း နေမျိုး နဲ့ မင်းခန့် သို့..........)

0 comments: