Pages

Tuesday, February 3, 2009

မော်လမြိုင်မြို့ တောင်ပေါက်ကျောင်း၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ အရှင်စက္ကပါလ ဘဝနတ်ထံပျံလွန်တော်မူရာဖွဲ့ဆိုသီကုံးအပ်သော တမ်းချင်းကဗျာ မဟာလေးချိုးကြီး

(၁) သြော်- မစံစမာ-စံစမာနဲ့၊ သံသရာတေးဘုမ္မကတွင်ဖြင့်၊ မနှေးဂုဏ်ပြ သာစွမျှို့ရတနာ၊
“အိုကွယ်” ဘေးအကုန်ပ အောင်ပ၊အရေးပုံလှခဲ့တဲ့၊ ဌာနတို့ဗမာ။ ။

(၂) သြော် မြင်ကွန်း, မြင်းကွန်း နှင့်၊ အစဉ်လွမ်းလောက်တဲ့၊ မြင်ကွန်းမြို့ ဂရို့ အတွင်းတွင်ဖြင့်...........။
“အင်း” တို့အချင်းချင်း၊ တို့အသင်းအပင်းတွေနဲ့ နှော...............။

ကိုယ့်မင်းကိုယ့်ချင်း အမှန်အစစ်ကယ်လို့၊ မြန်တခေတ်ပြောင်းစရာ၊ သြဘာစောင့်ရော့သလား၊
သက္ကရာဇ်ဝေါဟာ၊ ကောဇာအဖြောင့်ပေပ၊ ၁၂၃၉ တွင်မှ သတိုးနွယ်တို့ဘုရား ဆိုလောက်တဲ့၊
သတို့သားကိုလ ဖွားမြောက်ခါကြည်လင်စွာနှင့်၊
အနှီတွင်တခါ၊ သမ္ဘာဂုဏ်မနွမ်းစေဘို့၊ စည်ပင်သာယာရတနာပုံမန်းဆီသို့၊ မြန်းတဲ့ကာ
နေသရော်တည့်၊ အကြေမှာနော်၊တော်ခရိုင်ဆိုလောက်သည့်၊ မော်လမြိုင့် ဝတိန်-
တနှုန်းတွင်မှ၊ “စိန်တုံး” ဒေဝီမဟေသီရဲ့...........။

သြော်- သွေဖီခွာခဲ့ရတဲ့၊ ရွှေပြည်မှာလို-ရွေညီမပါသော်လဲ- ကေသီမာလာ,ဦးထိပ်ထားရတဲ့၊
မိဖုရားကြီးကိုးကွယ်ရာ၊ဝဇီရာရုံ သာသနာခုံဆိုသင့်တဲ့၊ ရတနာဘုံမြင့်ကျောင်းတွင်မှ၊
သင်ဟောင်း သင်ရိုး-စာပေသင်လို့မို့၊ သာမဏေသဘင်တွင်(ရှင်စက္ကပါလ) ရယ်လို့၊
နာမအမည်-ဘွဲ့တော်ရပြီး၊ (သက္ကဝေါဟာ-ကောဇာ ၅၈)တွင်ဖြင့်၊ ရဟန်းအဖြစ်ခံတော်
မူလို့မို့၊ ဓမ္မက္ခန်အဆူဆူနော်-သုံးပုံပိဋကတ် ကျမ်းတွေရဲ့ပြင်...........။

မန်းပြေ ရန်းတွေထက်စွမ်းရော့လို့၊ ကြိုးပမ်းကာသင်တော်မူ၍၊ အကြင်တော်တမူ-
မဂဓကျမ်းတွေနှင့်၊ သက္ကဋအဆန်းသီဟိုဠ် ထိုထိုဗင်္ဂလီ, နာဂရီရဲ့ပြင်၊ ဘာသာ
အလီလီကိုပါ၊ သာသနာအပြည်ပြည်ပြုမယ်လို့...............။

“သြော်” ဘုရားမှု၊ တရားမှု၊ အများမှု-စရိုက်ဝါသနာ ပါပေနော်ကွယ်၊ အားစုစိုက်မှာ။ ။

(၃) သြော်-ယခုရှိကြတဲ့၊ သုဂတိဘဝမှာလ......၊ ထုတိဝစန ထင်ရာမြင်ရာ ,
ကျုပ်သဘောအရ-အဟုတ်ပြောရမှာဖြင့်၊ ဒုတိယ “ရှင်မဟာဗုဒ္ဓဃောသ”ရယ်လို့၊ နှုတ်သြဘာကောင်းချီးတသင်္ခါ။

ဒေါင်းကမ္ဗည်းတွင်စရာရယ်လို့တောင်မှ- ထင်စရာတကား၊
“အိုကွယ်” တကောင်းထီးတင်မှာလိုသို့-မင်္ဂလာတပါး။ ။

(၄) သို့ပါလျက်ကို၊ ဒို့မှာအခက်ပိုဘို့၊ ပျက်မလို-မဂ်ဖိုလ်ရဲ့ တမှောင့်ပေထင့်၊
တထောင့်သုံးရာနှင့် တဆယ်မှာ ငါးနှစ်စွန်းကာ အရှိတွင်ဖြင့်၊ ဇာတိဇရာ၊
ဗျာဓိ၊ မာရဏ သဘောတွေနှင့်၊ လောလောဆယ်-အနန္တ ,အနန္တနှင့်၊
အမှတ်ရစရာပေပေါ့နှော..........

သြော်-အရဟတ္တဇတွေနဲ့၊ မြတ်သမဏတွေရဲ့၊ ဆဌသင်္ဂါယနာသဘင်
ကိုတောင် မဝင်မပါချင်ရော့သလား၊ အရှင်ဆရာသခင်-မနေစွန့်ရော့မယ်လို့၊
ဇေတဝန့်ပမာ-ရတနာတောင်ပေါက်ကျောင်းတော်က၊ ပြောင်းကာ-ဒေသစာချီလို့မို့
ဧကစာရီ-စံသလွန်နှင့်၊ နန္ဒာဝန်တောရ-ကျောင်းသင်္ခမ်းမှာလ၊ စံမြန်းတော်မူစရာ-တခါတချိန်အကြွတွင်ဖြင့်.........

သြော်-တာဝတိန်က မာဃိန္ဒတို့ရဲ့ ၊ သိကြားနတ်ပြည်မှာ- ဗြဟ္မာ ဗြဟ္မိန္ဒ တရားဓါတ်စည်းရွမ်းချိန်မို့။

လွမ်းစရာကံခေသူတို့မဖြင့်၊ သံဝေယူစရာသရုပ်တမျိုးရဲ့ပြင်............

ဗုဒ္ဓိုးဘဂဝ ၊ အမတာနိဗ္ဗာန်လားစဉ်က..........

မြန်ဗမာ သည်အပူမှာ၊ မလ္လာပြည်သူတွေနဲ့ဖြင့် မခြားပေဘု
တရားကျကာ-ကသိုဏ်းအဘို့ပေပဲ၊ အများဒကာမ ,ဒကာ-အသိုင်း အဝိုင်းတွေနဲ့ပို့ကြတော့.........

“အမယ်မင်း” မရိုင်းသကို့၊ ဂါရဝနွံနွံ နာနာအသွားတွေနဲ့- ကိုင်းရှိုင်းသမို့- သဒ္ဓါဗလဝ လွန်စွာပွားပွားပြီး.......

(သြော်) သမိုင်းမညို့နိုင်တဲ့-စကိုင်းမြို့ဆီက..........

မှိုင်းတို့ရဲ့- ပဏာမ ဝန္ဒနာဘုရား။ ။

(ဝါ တနည်းသော်ကား)

“အမယ်မင်း”- အလှူပေး၊လူသူဝေးသည့်၊ ဂူနဘေးရှိ တပည့်သူတော် ကလျာမယ်အများတို့နှင့်............

“သြော်” တဆူဆူအရေးတွေကြောင့်၊ အပူမအေးသူက၊ ပူဇေးမ..........ပူဇော်ပါတယ်ဘုရား။ ။


သခင်ကိုယ်တော်မှိုင်း။
စတာလင် ၏ နိုင်ငံတကာကမ္ဘာ့ငြိမ်းချမ်းရေဆုရ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ လေချိုးပေါင်းချုပ် မှ ကူးယူဖော်ပြသည်။

0 comments: